Monday 8 November 2010

ဒိုက်ဦးမြေမှမင်္ဂလာသတင်း (ပေးစာ)

သူငယ်ချင်းကိုဖြိုးရေ....

မင်းနဲ့အတူ တခြားသူငယ်ချင်းတွေနဲ့ အလှူရှင်တွေ ပီတိပွားနိုင်အောင် ဒီစာလေးရေးပို့လိုက်တယ် တို့တတွေ ၂၁.၁၀.၂၀၁၀ နေ့က ကျောင်းကြီး(အ.ထ.က ဒိုက်ဦး) မှာ တို့အဖွဲ့ကပေးတဲ့ ပညာသင်ဆုရတဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ပွဲလေး လုပ်ဖြစ်ခဲ့တယ်။ လုပ်မယ်လို့စိတ်ကူးထားတာတော့ ငါမြန်မာပြည်ပြန်မရောက်ခင်ကတည်းက။ တကယ်လုပ်ဖြစ်တော့ မြန်မာပြည်က ပြန်ထွက်ခါနီးမှ ပေါ့ကွာ။

ဇေယျာထွန်းက ငါ့ဆီ ၁၉ ရက်နေ့ ညခင်းကြီးဖုန်းဆက်တယ်။ ၂၁ ရက်နေ့ကိုဆုပေးပွဲလုပ်မယ် မင်း မနက်ဖြန်ပြန်လာခဲ့ပါတဲ့။ သူကလည်း ဆရာတွေ အားမယ့်ရက်ကို တိုင်ပင်ပြီး ရွေးပေးရတာဆိုတော့ ငါလည်းမငြင်းသာတော့ဘူးပေါ့။ ဒါနဲ့ ဇင်ယုမေနဲ့ အမြန်တိုင်ပင်ပြီး ၂၀ ရက်နေ့ မနက်အစောကြီးထပြီး ဂုဏ်ပြုလွှာတွေ ရိုက်ရတယ်...။ ပြီးတော့ ဇင်ယုမေကို ကျန်တဲ့လုပ်စရာရှိတာတွေ မှာပြီး ဒိုက်ဦးကို ပြေးခဲ့ရတယ်။ ဇင်ယုမေကတော့ နောက်နေ့ မနက် အစောကြီးရထားနဲ့ ပြန်လာမှာ..။ ရုတ်တရက်ကြီးဆိုတော့ ရန်ကုန်က ကတိပေးထားတဲ့ တခြားသူငယ်ချင်းတွေ မလိုက်နိုင်ကြတော့ဘူး။ ကံကောင်းတာက ငါ့လိုပဲ သင်္ဘောကပြန်နားနေကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့လိုက်ကူညီမယ်လို့ဟြေတယ်။ သူတို့က တော့ ထင်လင်းအောင်နဲ့ ကျော်ဇင်သန့်တဲ့။ ထင်လင်းအောင်ဆိုတာ ကျောင်းကြီးက ၂၀၀၂ မှာ ၁၀တန်း အောင်သွားတဲ့ အလှူရှင်ပါပဲ။ ကျော်ဇင်သန့်ကတော့ ပခုက္ကူက။ မင်းမှတ်မိတယ်မဟုတ်လား....။ သူကတော့ ဒိုက်ဦးကျောင်းထွက် မဟုတ်ပေမယ့် သဒ္ဓါပေါက်ပြီး အလှူထည့်တဲ့အပြင် ဟိုမှာလည်း အင်တိုက်အားတိုက် လိုက်ကူညီခဲ့တယ်။ ထားပါတော့ကွာ ....ငါလည်း သူတို့နှစ်ယောက်ကို ဇင်ယုမေနဲ့လိုက်လာဖို့မှာခဲ့ပြီး ဒိုက်ဦးကို တစ်ယောက်တည်းထွက်လာခဲ့တယ်။

ကိုဖြိုးရေ...လိုရင်းကိုတော့ ဖြည်းဖြည်းပဲသွားတာပေါ့...။ငါ့စာကိုဖတ်ရင်း မင်းနဲ့အတူ ဒိုက်ဦးက ပြည်ပရောက်အလှူရှင်တွေ အလွမ်းပြေအောင် ဒိုက်ဦးမြို့ မြင်ကွင်းလေးတွေကို ဓာတ်ပုံနဲ့ တခါတည်း ဖော်ပြပေးလိုက်မယ်။ ခုနက စကားကို ဆက်ရရင် ငါကရှေ့ပြေးအနေနဲ့ တစ်ယောက်တည်း ပြန်လာခဲ့တာပေါ့ ကွာ။ ငါလည်း မြန်မာပြည်ပြန်ရောက်ကတည်းက မွေးရပ်မြေကို မပြန်ရသေးတာ မင်း အသိပဲလေ။ ဒိုက်ဦးမြို့က ဘာမှအများကြီးမပြောင်းလဲပေမဲ့ တိုးတက်မှုလေးတွေတော့ တွေ့ရတယ်ကွ။ မြို့အ၀င်က “ကြိုဆိုပါ၏” ဆိုင်းဘုတ်က ပန်းခြံလေးထဲမှာ အလှသားဟ။ မိုးတွင်းဆိုတော့ ပန်းပင်စိမ်းလန်းလန်းတွေနဲ့ မြို့အ၀င်က ငါ့ကိုရွှင်လန်းစေတာပေါ့ကွာ။




ကန်တော်မင်္ဂလာတာဆုံက ရေလောင်းနေတဲ့ သင်္ကြန်မောင်မယ်ကလဲ ဆေးရောင်နဲ့ သစ်လွင်တောက်ပနေတယ်။ fig.3,4
ငါ့ကို အထူးအဆန်းဖြစ်စေတာကတော့ မီးသတ်စခန်းရှေ့နားက ကန်တော်ကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ စာကြည့်တိုက်ကြီးပဲဟေ့။ ငါလည်း မြို့နဲ့ အဆက်အသွယ်ပြတ်နေတော့ ရုတ်တရက် အံအားသင့်သွားတာပေါ့။ အဲဒါက “ဒေါ်ခင်မြင့်မြင့်” စာကြည့်တိုက်တဲ့။ ဒေါ်ခင်မြင့်မြင့်ဆိုတဲ့ အလှူရှင်က တခမ်းတနားဆောက်ပြီး လှူထားတာပေါ့ကွာ။ အပြင်ပန်းက ခန့်ညားတာတင်မကဘူး အထဲမှာလည်း သေသေသပ်သပ်နဲ့။ တို့မြို့လေးနဲ့စာရင် စာကြည့်တိုက်ကတောင် ပိုကြီးနေသလိုလို။ fig . 5,6





ငါလည်း ရောက်ရောက်ချင်း ဇေယျာထွန်းနဲ့သွားတွေ့၊ ကိုအောင်မျိုးသူနဲ့တွေ့ပြီး မနက်ဖြန်ပွဲအတွက် တိုင်ပင်ရတာပေါ့။ အကျွေးအမွေးအတွက်ကတော့ ဇေယျာထွန်းက မုန့်ဟင်းခါး အော်ဒါမှာပေးထားတယ်။ ငါရောက်တော့ ဘာမှသိပ်မလုပ်ရတော့ပါဘူး။ အခမ်းအနား အပြင်အဆင်အတွက် နည်းနည်းပါးပါးပဲ လုပ်ရတယ်။ ကံဆိုးတာကတော့ ငါတို့အားထားရတဲ့ ဇေယျာထွန်းက နောက်နေ့ အခမ်းအနားကို ငါတို့နဲ့အတူ မတက်နိုင်တာပဲ။ ငါအားငယ်တာပေါ့ကွာ။ ဆုပေးပွဲလုပ်မယ့်နေ့ မနက်ကျတော့ ဇင်ယုမေနဲ့အတူ ငါ့သူငယ်ချင်း (၂) ယောက်ပါ ပါလာတယ်။ အဲဒီတော့ ရန်ကုန်ကလာတဲ့သူက ငါရယ်၊ ဇင်ယုမေရယ်၊ ထင်လင်းအောင်နဲ့ ကျော်ဇင်သန့်ဆိုတော့ (၄) ယောက်ဖြစ်သွားတယ်။ ဒိုက်ဦးက ကိုအောင်မျိုးသူရယ်ဆိုတော့ (၅) ယောက်ပေါ့။ အင်အားတောင့်သွားတာပေါ့ကွာ။ ကျောင်းရောက်တော့ ဆုရကျောင်းသားတွေရယ်၊ တို့ရဲငါးဖော်ရယ် ခုံတွေပြင်၊ ကျွေးဖို့မွေးဖို့ပြင်၊ နောက်ပြီး အခမ်းအနားမှာ စာတမ်းတွေကပ်နဲ့ အလုပ်ရှုပ်နေကြတာပေါ့။ ငါလည်း ဆရာဦးခင်အောင်နဲ့ အခမ်းအနား အစီအစဉ်ဆွဲ၊ ပြီးတော့ တို့ (၅) ယောက် တာဝန်ခွဲဝေကြတယ်။ ငါက ပညာဒါန အလှူရှင်များအဖွဲ့ကိုယ်စား စကားနည်းနည်းပြောမယ်၊ ဇင်ယုမေက ငွေစာရင်းရှင်းတမ်းဖတ်မယ်၊ ထင်လင်းအောင်က အလှူရှင်အားလုံးကိုယ်စား ဝမ်းသာပီတိစကားပြောမယ်၊ ကျော်ဇင်သန့်ကိုတော့ ဧည့်သည်ဆိုတော့ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခိုင်းမယ်ဆိုပြီး တာဝန်ခွဲဝေကြတယ်။

၁၁ နာရီခွဲမှာ အကျွေးအမွေးစတယ်။ တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ ဆုရကျောင်းသားတွေ၊ သူတို့မိဘတွေ၊ တက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အကုန်လုံးကို ကျွေးမွေးဧည့်ခံခဲ့တယ်။ ကာလကြာရှည် မတွေ့ရတဲ့ ဆရာ၊ဆရာမတွေနဲ့ တွေ့တော့ ဝမ်းလည်းသာမိတယ်၊ ပျော်လည်းပျော်မိတာပေါ့။ ဆရာ၊ဆရာမတွေကလည်း မင်းတို့ကို မေးကြတယ်။ ငါတို့နာမည်တွေကို (၁၀) နှစ်ကျော်ကြာတဲ့အထိ မှတ်မိနေတာတွေ့တော့ အံ့သြ၀မ်းသာဖြစ်မိတယ်ဟေ့။fig. 8 9 10




အကျွေးအမွေးပြီးတော့ နေ့လည် (၁)နာရီတိတိမှာ ဆုပေးပွဲ အခမ်းအနား စနိုင်ခဲ့တယ်။ ဆရာ ဦးခင်အောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့တယ်။ fig 11


အခမ်းအနား အစီအစဉ် (၁)ကတော့ ထုံးစံအတိုင်း အခမ်းအနားစတင်ကြောင်း ကြေငြာခြင်းပေါ့ကွာ။ အစီအစဉ် (၂)က ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧဧစိုးက သြဝါဒစကားပြောကြားခြင်း။ ထွေထွေထူးထူးတော့ မပါပါဘူး။ တို့တွေရဲ့မွန်မြတ်တဲ့ လုပ်ငန်းအပေါ် အားရကျေနပ်မိပါကြောင်း၊ သူတို့ဇာတိ ဧရာဝတီတိုင်းထက်စာရင် ဒီမြို့က မြို့ခံတွေရဲ့ ကျောင်းကြီးအပေါ် သံယောဇဉ် ကြီးစွာနဲ့ ပြန်လည်စောင့်ရှောက်တဲ့ဓလေ့ကို အားကျမိကြောင်း၊ ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာဦးလှကျော် ပြောင်းရွှေ့သွားတဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်းနဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ မူဝါဒတွေကို ဟြေပြသွားခဲ့တယ်။



အစီအစဉ်(၃) အနေနဲ့ ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဆရာဦးလှကျော်က ဟြေခဲ့တယ်။ ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ ကျောင်းသားတွေ အများကြီးထဲကနေပြီး ဒီဆုရကျောင်းသားလေးတွေကို အမှန်ကန်ဆုံးဖြစ်အောင်ဘယ်လိုရွေးချယ်ခဲ့ရပုံ၊ ရွေးချယ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့ပုံ၊ ရှေ့ဆက်ရမယ့်လမ်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေအတွက် ဘယ်လိုဆောင်ရွက်သင့်ပုံ စတာတွေကို အကျယ်တဝင့် တင်ပြဆွေးနွေးသွားခဲ့တယ်။


အစီအစဉ် ၄ က ငါ့အလှည့်။ ငါကတော့ ပညာဒါနအလှူရှင်အဖွဲ့ဆိုတာ ဘယ်သူတွေနဲ့ဘယ်လို ဖွဲ့စည်းထားတယ်၊ ဘာတွေလုပ်ခဲ့ကြတယ်၊ ရှေ့ဆက်ဘာတွေလုပ်မယ်ဆိုတာရယ်၊ လက်ရှိဆုရကျောင်းသားတွေနဲ့ နောက်ထပ်မျိုးဆက်သစ်ကျောင်းသားငယ်တွေအတွက် အားပေးစကားပါဟြေပြီး နိဂုံး ချုပ်ခဲ့တယ်။



ကျေးဇူးတင်စကားဟြေတော့ အလှူရှင်တွေအားလုံး ကျောင်းက ဆုရွေးချယ်ရေးအဖွဲ့က ဆရာ၊ဆရာမတွေနဲ့ အဓိက မင်းတို့ကို High light လုပ်ပြီး (အလှူငွေ ကောက်ခံပေးကြတဲ့ ကိုဇေယျာထွန်း၊ စင်္ကာပူက ထင်ကျော်လင်း၊ ရုရှားက အောင်ဟိန်းဇော်၊ ဂျပန်က ဖြူဖြူကြွယ်၊ ရန်ကုန်က ဇင်ယုမေနဲ့ ပုံ့ပုံ့၊ ဘဏ္ဍာရေးမှူးလုပ်ပေးတဲ့ ဇင်ယုမေ၊ online ကနေ ပြန်ကြားရေးလုပ်ပေးတဲ့ ဖြိုးဝေကျော်) ဆိုပြီး ဟြေခဲ့တယ်။ အခုဟြေခဲ့တဲ့သူတွေအားလုံးဟာ မစွံကြသေးတဲ့ သူများဖြစ်တဲ့အကြောင်းကိုပါ ဟြေဖို့ငါ မမေ့ခဲ့ပါဘူးကွာ..ဟဲ ဟဲ ဒါက နောက်တာပါ။

အစီအစဉ် ၅ က ကျောင်းအုပ်ဆရာမကြီးက ဆုရကလေးတွေကို ဂုဏ်ပြုလွှာပေးတဲ့ အစီအစဉ်။ 


အစီအစဉ် ၆ အနေနဲ့ အလှူရှင် အဖွဲ့ကိုယ်စား ငါက ဆုရွေးချယ်ရေးအဖွဲ့က ဆရာလေးဦး(အဖွဲ့သစ်က ဆရာတွေမပါ) ကို အမှတ်တရလက်ဆောင်ပေးခဲ့တယ်။


အစီအစဉ် ၇ ကတော့ အလှူရှင်တွေကို ၁၀ တန်းအတန်းမှူး ဆရာဦးသိန်းအောင်က ဂုဏ်ပြုလွှာပေးအပ်တဲ့ အစီအစဉ်။ ဒီအစီအစဉ်မှာတော့ ဒိုက်ဦးမြို့က အလှူရှင်တွေကိုယ်စား ကိုအောင်မျိုးသူ၊ ရန်ကုန်က အလှူရှင်တွေကိုယ်စား ဇင်ယုမေ၊ ပြည်ပက အလှူရှင်တွေကိုယ်စား ထင်လင်းအောင်တို့က ဂုဏ်ပြုလွှာတွေကို အသီးသီး လက်ခံပေးခဲ့ကြတယ်။ 



ပြီးတော့အစီအစဉ် ၈ က အလှူရှင်တွေကိုယ်စား ထင်လင်းအောင်က ဝမ်းသာပီတိစကားဟြေကြားပေးခဲ့တယ်


အစီအစဉ် ၈ ကတော့ ဘဏ္ဍာရေးမှူး ဇင်ယုမေကငွေစာရင်းရှင်းတမ်း ဖတ်ကြားပေးခဲ့တယ်။


ငါတို့လည်း အချိန်တိုလေးအတွင်းမှာ လုပ်ရတော့ အစကတော့ နည်းနည်းစိုးရိမ်စိတ်ကလေးရှိတာပေါ့ ဒီပွဲလေး ချောချောမွေ့မွေ့မှ ပြီးပါ့မလားပေါ့ကွာ။ ဒါပေမဲ့ အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ် ။ ဆရာ၊ဆရာမတွေလည်း အားတက်သရော ကူညီကြတယ်။ နောက်ပြီး ငါတို့ အဖွဲ့ပေါ်မှာ အရမ်းဂုဏ်ယူပြီး တော်တော်လည်း မျှော်လင့်ထားကြတယ်။ ငါတို့အတွက် ပိုပြီး တာဝန်ကြီးတာပေါ့။ ဆရာ၊ဆရာမတွေရဲ့ သူတို့တပည့်တွေအပေါ် ဂုဏ်ယူပုံတွေ သူတို့ရဲ့ ပီတိတွေမြင်ရတော့ ငါလည်းဝမ်းသာခြင်းနဲ့အတူ ငါတို့ရဲ့လုပ်ငန်းဟာ ကောက်ရိုးမီးလို ဟုန်ခနဲတောက်ပြီး အရှိန်သေသွားလို့မရဘူးဆိုတာ အလေးအနက်ခံယူမိသွားတယ်။ သူငယ်ချင်းရေ...တို့တွေဒိထက်ပိုပြီး စနစ်တကျနဲ့ စည်းစည်းလုံးလုံး ဝိုင်းဝန်းကြရမယ်ကွာ။

ကဲ ကဲ ဟြေရင်း စကားချော်ရော့မယ်။ ဆုပေးပွဲပြီးတော့ ငါတို့အဖွဲ့ရယ် ဆုရွေးချယ်ရေးအဖွဲ့ရယ် ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေအတွက် အလုပ်ရုံဆွေးနွေးပွဲလေး လုပ်ခဲ့တယ်။ ငါတို့ အဖွဲ့မှာကတော့ ငါရယ်၊ ဇင်ယုမေ၊ ထင်လင်းအောင်နဲ့ ကျော်ဇင်သန့်တို့ ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့မှာတော့ ကျောင်းအုပ်ဆရာမကြီး၊ ဦးလှကျော်(ဟြေင်းရွှေ့)၊ ဦးခင်အောင်(၉တန်းအတန်းမှူး)၊ ဦးသိန်းအောင်(၁၀တန်အတန်းမှူး)၊ ပြီးတော့ အဖွဲ့ဝင်အသစ်တွေဖြစ်တဲ့ ဆရာဦးစိုးလွင်၊ ဒေါ်အေးသန်းနဲ့ ဒေါ်မြင့်မြင့်စိန် တို့ ပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်တွေကိုတော့ သပ်သပ် အသေးစိတ်ပို့ပေးလိုက်တယ်။ အဲဒီမှာပဲ ကြည့်လိုက်တော့။



အဲဒီ အစည်းအဝေးပြီးတော့ ပညာသင်ဆုရ ကျောင်းသား/သူတွေနဲ့ အလွတ်သဘောတွေ့ဆုံအားပေးတဲ့ပွဲလေးပေါ့ကွာ…။ ကလေးတွေကို ဟောခန်းထဲခေါ်ပြီးတော့ သူတို့ဘာလိုတယ် ဆိုတာကို ရင်းရင်းနှီးနှီး မေးမြန်းခဲ့ကြတယ်။ ပြီးတော့ အားပေးစကား ဟြေခဲ့ကြတယ်။ သူတို့ဆီက ပျော်ရွှင်ဝမ်းသာမှုလေးတွေမြင်ရတော့ ငါတို့ရဲ့ဒါနလေးအပေါ်ပိုပြီး ဝမ်းသာပီတိပွားမိတယ်။ မင်းတို့လည်း ငါတို့နဲ့ထပ်တူ ဝမ်းသာပီတိ ဖြစ်အောင် ရသမျှဓါတ်ပုံလေးတွေပါ ရောပို့လိုက်တယ်။fig 34 35

အလှူရှင်တွေအားလုံးကိုလည်း ဒီစာကိုဖတ်ပြီး ဝမ်းသာပီတိ ဂွမ်းဆီထိနိုင်ကြပါစေ၊ နောင်နှစ်တွေမှာလည်း အခုလို ဝိုင်းဝန်းကူညီနိုင်ကြပါစေလို့ ဆုတောင်းရင်း ကိုဖြိုးရေ ငါ့စာကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဇင်နောင်

No comments: