Showing posts with label PWK. Show all posts
Showing posts with label PWK. Show all posts

Monday, 11 January 2010

ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့၏ အစည်းအဝေး ရလဒ်

ယခုနှစ် ၂၀၁၀-ခုနှစ်၊ ဇန်နဝါရီကုန် နောက်ဆုံးထား၍ ဆုရကျောင်းသားအား ကြေညာမည်။

ကျောင်းသား(၅)ဦးကို ဦးစားပေး ၁၊ ၂၊ ၃၊ ၄၊ ၅ အဖြစ် ရွေးချယ်မည်။ ဦးစားပေး(၁၊ ၂၊ ၃)သည် မူလ အစီအစဉ်အတိုင်း ပညာသင်ဆုကို ရာနှုန်းပြည့်ရရှိမည်ဖြစ်သည်။ ဦးစားပေး (၄ နှင့် ၅) အား အရံကျောင်းများအဖြစ် သတ်မှတ်ပြီး အလှူရှင်အဖွဲ့၏ ဘဏ္ဍာရေးအခြေအနေအရ စဉ်းစားမည်။ ဦးစားပေး (၁၊ ၂၊ ၃)အား ပညာသင်ဆု ရပ်စဲခံရပါက အရံကျောင်းသားများအား အစဉ်လိုက် အစားထိုးပေးအပ်မည်။

ဆုရကျောင်းသားအား ကျောင်းမှ ကောက်ခံငွေအားလုံးကို ပညာသင်ဆုရွေးချယ်ရေးအဖွဲ့၏ ဘဏ္ဍာထိန်းဆရာမှ ကျောင်းသားကိုယ်စား သက်ဆိုင်ရာ အတန်းပိုင်ဆရာသို့ တိုက်ရိုက်ပေးသွင်းမည်။

ဆုရကျောင်းသား (၃)ဦး၏ ကျောင်းပြင်ပ အထွေထွေကိစ္စများ (ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပြင်ပကျူရှင်စသည်...)ကို ဆောင်ရွက်နိုင်ရန် အလှူရှင်အဖွဲ့၏ တာဝန်ပေးအပ်ခြင်းခံရသော ကိုအောင်မျိုးသူ၊ ကိုမောင်မောင်ကျော်သူ(ခ)ကိုစူပါ နှင့် ကိုဇေယျာထွန်း(ခ)ကောင်လေး တို့ထံသို့ ဆုရကျောင်းသားများအား ဆုရွေးချယ်ရေးအဖွဲ့မှ လွှဲပြောင်းပေးမည်။

အလှူရှင်များအဖွဲ့က ပေးအပ်သော ဘဏ္ဍာငွေကို စီမံခန့်ခွဲမှုနှင့် စာရင်းပြုစုမှုများကို ကျောင်းပြင်ပ ကိစ္စအဝ၀အတွက် ကိုဇေယျာထွန်းနှင့် ကျောင်းတွင်းကိစ္စများအတွက် ဆရာ ဦးခင်အောင် တို့မှ တာဝန်ယူမည်။

နောက်ဆက်တွဲ

ဒိုက်ဦးမြို့မှ ကောက်ခံရရှိသော အလှူငွေအားလုံးနှင့် ရသုံးငွေစာရင်း ပြုစုခြင်ကို ကိုဇေယျာထွန်းက တာဝန်ယူပြီး နှစ်စဉ် ဧပြီလ(သင်္ကြန်မတိုင်မီ)စာရင်းချုပ်၍ ရန်ကုန်သို့ ပေးပို့မည်။

ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းငွေများကို နောက်ဆုံးအဆင့် စာရင်းပြုစုခြင်း၊ ဘဏ်တွင် အပ်နှံခြင်းနှင့် အလှူရှင်များထံသို့ အသိပေးခြင်းများကို နှစ်စဉ် ဧပြီလကုန်တွင် အပြီးသတ် ဆောင်ရွက်ပါမည်။

Sunday, 3 January 2010

ရှေးခေတ်ကသူငယ်ချင်းများ

ငယ်ငယ်တုန်းကတော့ ရှေးခေတ်ဆိုတာဟာ တော်တော်ဝေးဝေး ကာလကို ရည်ညွှန်းတယ်လို့ပဲ ထင်ခဲ့တာ။ အခုတော့ အဲဒီ စကားလုံးဟာ ငယ်ဘ၀နဲ့ ကြီးဘ၀ကို ပြည်ဖုံးကားချပေးထားတဲ့ စကားလုံးလို ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ရှေးဖြစ်ဟောင်းတွေကို မကြာမကြာ အောက်မေ့ပါတယ်။ ရှေးခေတ်က သူငယ်ချင်းတွေကို သတိရပြီး မျက်ရည်တွေ ဘာတွေတောင် လည်တယ်။ ယုံပါ။ အခု လွမ်းလွန်လွန်းလို့ စာရေးတာပါ။ ငယ်ကျိုးငယ်နာတွေ ဖော်ချင်လို့ စကားပလ္လင်ခံနေတာမဟုတ်ရပါခင်ဗျာ။

ကျွန်တော် pwk က တော်တော်အေးပါတယ်။ ဒါကို လူတိုင်းသိတယ်။ pwk ရဲ့ ရင်ဘတ်သူငယ်ချင်း တစ်ဦးဖြစ်တဲ့ zn က ဒီလိုမဟုတ်ဘူး။ တော်တော်လေး သွက်ပါတယ်။။ ဒါလည်း လူတိုင်းသိတယ်။ zn ရဲ့ ရိုမန်းတစ် အက်ရှင်လေး တစ်ခုကိုတော့ အားလုံး သတိမူမိကြမယ် မထင်ဘူး။ ငယ်ငယ်တုန်းက zn ဟာ သူ့ထားသခင်ရဲ့ ပုံတူတွေကို ဆွဲဆွဲပြီး မနက်သုံးနာရီလောက်မှာ အိမ်ပေါက်ဝမှာ သွားသွားထားခဲ့ဖူးပါတယ်။ ဒီလုပ်ရပ်ဟာ အတွက် ကျွန်တော်တို့အားလုံး သူ့ကို လေးစားခဲ့ရပါတယ်။ အင်မတန် ရိုမန်တစ် ဖြစ်ခဲ့ပါတယ်။ ဘရာဗို...။ ဒီလိုလုပ်ဖို့အတွက် အခက်ကြီး နှစ်ခက်ရှိပါတယ်။ ပထမတစ်ခက်က ပုံတူဆွဲဖို့ ခက်ပါတယ်။ ပုံတူဆွဲရဖို့အတွက် သူဟာ ထားသခင်မရဲ့ မျက်နှာကို လူမသိသူမသိ သွားသွားကြည့် ရပါတယ်။ သူ့အပါးကြီးနဲ့ အမိုးမသိအောင် ပုံကိုခိုးဆွဲရပါတယ်။ ဆရာ UMA ရဲ့ ကြိမ်လုံးကိုလည်း သတိထားရပါတယ်။

ဒုတိယ တစ်ခက်က ဆွဲပြီးသားပုံတူစာရွက်ကို ထားသခင်ရဲ့ အိမ်ရှေ့မှာ သွားချရတာ ခက်ပါတယ်။ မနက်သုံးနာရီလောက်ကြီး အိမ်သားတွေ မသိအောင် ထရပါတယ်။ အဲပုံတူစာရွက်ကို နှစ်မိုင်ခရီးလောက်ဝေးတဲ့ ထားသခင်ရဲ့ အိမ်ကို ခြေကျင်လျှောက်ပြီး သွားချရပါတယ်။ စာရွက်ကို အိမ်ရှေ့မှာ ဒီတိုင်းသွားချလိုက်ရင် စာရွက်ဟာ လေတိုက်ပြီး လွင့်ပါသွားနိုင်တယ် မဟုတ်လား။ မဆိုင်သူတွေကလည်း ၀င်ကောက်သွားနိုင်ပါတယ်။ ဒါကြောင့် ပုံတူစာရွက်နဲ့ ခဲလုံးကိုပတ်ပြီး အိမ်ပေါ်ကို ပစ်တင်ရပါတယ်။ အဲမှာတင် ခဲလုံးတော်လေးဟာ ထားသခင်ရဲ့ မိခင်ဖြစ်သူပိုင်ဆိုင်တဲ့ မဟာနဖူးတော်ကို တိုက်ရိုက်ခစားမိပါတယ်။ zn ရဲ့ ရိုမန်းတစ် ဇာတ်လမ်းလေးဟာလည်း ဟောရာ (Horror) ဇာတ်လမ်းအဖြစ် ပြောင်းသွားပါတယ်။ နောက်နေ့မနက်မှာ ထားသခင်ရဲ့ အမေက အကြမ်းဖက်သမားကို ဖမ်းမမိတာ အတော်နာတယ်လို ပြောနေတော့တယ်။ zn လည်း နောက် ဆက်မလုပ်ရဲတော့ပါဘူး။ အင်မတန် နစ်နာပါတယ်။ ခုဆို ဒီကောင် စွံအောင်လုပ်ဖို့ နောက်တွန့်သွားပြီ။ ခဲပစ်ဖူးတဲ့ စာသူငယ်လို ဖြစ်နေရှာတယ်။ သနားစရာပါ။ ကျွတ်ကျွတ်။

ဒီကိစ္စဟာ zn ရဲ့ အထူးလျှို့ဝှက်ကိစ္စပါ။ ဘယ်သူမှ မသိပါဘူး။ ကျွန်တော် pwk က ဒါကို ဖော်ကောင်လုပ်တာပါ။ အားလုံး မှတ်တမ်းတင်ပေးပါ။ ကျေးဇူးတင်ပါတယ်။

HKL အကြောင်းကတော့ သိပ်ဖော်ဖို့မရှိဘူး။ ASY ပူဇော်ပွဲမှာ ကျွန်တော်တို့နဲ့အတူ ခေါင်းအမာဆုံးရပ်တည်ခဲ့တဲ့ ဘဏ္ဍာရေးမှူး တစ်ယောက်ပါ။ သူ့အပါးကြီး USW ကို တကယ်သတိရမိတယ်။ ဘယ်ကိစ္စမဆို အတွင်းရေးမှူးမျက်စိနဲ့ စေ့စေ့စပ်စပ်လုပ်ဖို့ သင်ကြားပေးခဲ့တဲ့ အသံကျယ်ကျယ် လူကြီးပါ။ ကျွန်တော်တို့ကို လူကြီးတွေလိုဆက်ဆံတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကြီးပေါ့။ HKL အကြောင်းပြောရရင် ဆယ်တန်းပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်ဖူးတဲ့ အကောင်လို့ပဲ ဆိုရမယ်။ Serious man ပါ။ သူ့ကို နောက်တာလည်း သိပ်မကြိုက်ဘူး။ မကြိုက်လည်း ကျွန်တော်ကတော့ နောက်ပါတယ်။ ကျွန်တော့်တစ်ယောက်ကိုပဲ ဒီကောင် နည်းနည်း ကြောက်တယ်။ ဆြာဖြစ်နေလို့လည်း ပါမှာပေါ့။ ဒီကောင်နဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ အင်္ဂလိပ်စာ လက်ရေးဆိုတာ ပြားပြားနဲ့ စောင်းစောင်းရေးမှ လှတာကွလို့ သင်ပေးဖူးလို့ပါ။ ဒီကောင့် အင်္ဂလိပ်စာ လက်ရေးက လှပါတယ်။ လက်ရေးဆက်ကိုလည်း အားလုံးဆက်အောင် ရေးနိုင်တယ်။ သူပြောသလို ပြားပြားနဲ့ စောင်းစောင်းလေးတွေပါ။ ကျွန်တော်လည်း သူ့ကို အားကျပြီး လေ့ကျင့်ပါသေးတယ်။ မအောင်မြင်ပါဘူး။ ပဲပင်ပေါက်ဟာ ပဲပင်ပေါက်ပါပဲ။ ခုတော့ ဒီကောင့် လက်ရေးမဖတ်ရတာ ကြာပြီ။ သူငယ်ချင်းရေ... အရင်လို ပြားပြားနဲ့ စောင်းစောင်းပဲလား.. ။ ကြိုးစားကွာ။ ဒူးယူအာဘက်စ်။

AG ကတော့ အနိုင်ကျင့်သမျှ ခံတဲ့ ဘော်ဒါ တစ်ကောင်ပါ။ အင်မတန် သဘောကောင်းပါတယ်။ မွေးနေ့တွေဘာတွေလည်း သူပဲ အမှတ်တရရှိတယ်။ HKL နဲ့ ကျွန်တော်တို့ရဲ့ မွေးနေ့တွေကို သူပဲ ဒိုင်ခံပြီး လက်ဆောင်ပေးတယ်။ တစ်ခါအိမ်ကိုလာတုန်း ကျွန်တော် ပတ္တလားတီးနေလို့ သူ့ကို စကားမပြောမိတာ တော်တော် ပေါက်ကွဲသွားတယ်။ ဒီကောင်က ရှက်လည်း ရှက်တတ်တယ်။ ရိုးလည်းရိုးတယ်။ သဘောကလည်းကောင်းတော့ မိန်းကလေးတွေက ဒီကောင့်ကိုတော့ အားကိုးတယ်။ MS တို့ ppk တို့၊ EL တို့၊ THH တို့ Pp Bb zym tn တို့လို ကလေးမလေးတွေဟာ ကျွန်တော်တို့အဖွဲ့ကို ခန့်ညားကြောက်ရွံ့ကြတာ များပါတယ်။ ဒီကောင့်ကိုတော့ တယ်မကြောက်ကြဘူး။ ဒါနဲ့ပဲ ဒီကလေးမလေးတွေကို သိပ်မလျှော့ပေးဖို့ ဒီကောင့်ကို ကျွန်တော်တို့က မကြာမကြာ ဆုံးမရတယ်။

ငါးတန်းအေက အဖွဲ့တွေက နောက်နှစ်ကျရင် ခြောက်တန်းအေပဲ ရောက်ပါတယ်။ ကောင်မလေးတွေထဲက PPK တို့ EL တို့ NN တို့ MN တို့က စတော်လေးတွေပါ။ စာတော်တော် လုပ်တယ်။ ကောင်လေးတွေထဲက AMH တို့ HHL တို့ NCM တို့ကိုလည်း အမှတ်ရပါတယ်။ NCM ကတော့ ၀တိဝပြဲနဲ့ အစောဆုံးမိန်းမယူသွားတယ်။ သူငယ်ချင်းတွေထဲမှာ ဆုံးသွားတဲ့ သူတွေလည်းရှိတယ်။ စိတ်မကောင်းစရာပါပဲ။ အချစ်ဆုံးသူငယ်ချင်း PS အကြောင်း ပြောဖို့ ကျန်သေးတယ်။ ဒီကောင်လည်း သေမလို ဖြစ်သေးတယ်။ လူကြမ်းသလောက် စိတ်နုတဲ့ကောင်ပါ။ မျက်ရည်လွယ်တယ်။ သမီးလေးအတွက် ငါမမိုက်တော့ဘူးကွာ လို့ ပြောပြီး ငိုတတ်တဲ့အကောင်။

PPK ကတော့ ငယ်တုန်းက တော်တော် serious ဖြစ်တယ်။ သူစိတ်တိုရင် မျက်နှာပါရဲတာ ကြည့်ပြီး ကျွန်တော်တို့ အံ့သြနေကျ။ သူစိတ်တိုရင် ကျွန်တော်တို့က ကြောက်ကြောက်နဲ့ ခိုးရယ်ရတယ်။ EL NN MN တို့ကိုလည်း သတိရတယ်။ NN နဲ့ MN ကတော့ လူ့သဘာဝကို မလွန်ဆန်ဘူး။ အိမ်ထောင်ပြုကြမယ် ဆိုတယ်။ ငယ်ငယ်တုန်းကတော့ အဲဒီအဖွဲ့က ကောင်မလေးတွေ တစ်ယောက်မှ စွံမယ်လို့ကို မထင်ခဲ့မိဘူး။ အံ့စရာ။ Ms ကတော့ ငယ်ငယ်တုန်းက ကျွန်တော် pwk ဆုပေးခန်းအပေါက်ဝမှာ ချောင်းနေတာ မြင်ပြီး စိတ်မကောင်း ဖြစ်ခဲ့ဖူးတယ် ဆိုပဲ။ တော်တဲ့ သူငယ်ချင်း။ အခုတော့ သိပ်မတည့်တော့ဘူး။ ဆုံးမတာလည်း သိပ်လက်မခံချင်ဘူး။ THH ကလည်း ခုထိ အူကြောင်ကြောင် နိုင်တုန်းပဲ။ လုပ်လိုက်ရင်တလွဲ။ သူရယ်တာက သူများထက် ထူးခြားတယ်။ စတိုင်လေးနဲ့။ ခုတော့ သူလည်း အနောက်ခံရလို့ ထင်ပါရဲ့။ အရင်ကလောက် ပဲမများတော့ဘူး။ သူလည်း ဆြာတစ်ပါးပါပဲ။ zym လည်း အခန်းထဲမတော့ ဆြာပဲ။ ငယ်ငယ်က ထောင့်မကျိုးဘူး။ ခုတောင် ဆရာကို ဆရာမှန်းမသိဘူး။ ဒဘဲ့လို့ ပြန်ပြန်ခေါ်နေတယ်။

nnh တို့ epw တို့ tn တို့ aam တို့ အများကြီးကျန်သေးတယ်။ ဘယ်သူက စရေးရင် ကောင်းမလဲ မသိသေးဘူး။ ရန်ဖြစ်နေကျ သူငယ်ချင်းတွေ အကြောင်း စရေးမယ် စိတ်ကူးတယ်။ မိမိအကြောင်း အကောင်းရေးစေချင်တဲ့ သူငယ်ချင်းများ အချိန်မီ ဖားနိုင်ပါတယ်။


pwk

Tuesday, 29 December 2009

လက်ကမ်းစာစောင်ပုံစံ



အလှူရှင်များဆက်သွယ်လှူဒါန်းရန်လိပ်စာများ








ဒိုက်ဦး

(ဒိုက်ဦးတွင်နေထိုင်သူများ(သို့မဟုတ်) ဒိုက်ဦးမှတဆင့်ဆက်သွယ်လှူဒါန်းရန်လွယ်ကူသူများ)

ကိုအောင်မျိုးသူ
...ဒေါင်းမင်း ဆိုင်ကယ်ပစ္စည်းဆိုင်၊မင်းလမ်း ၊ ဒိုက်ဦးမြို့။
Ph- 09-6312060

ကိုမောင်မောင်ကျော်သူ (ခ) စူပါ
Ph- 052-40315

ရန်ကုန်-

(ရန်ကုန်တွင်နေထိုင်သူများ သို့မဟုတ် ရန်ကုန်သို့ဆက်သွယ်ရန်လွယ်ကူသူများအတွက်)

မဇင်ယုမေ
 (spytweety@gmail.com OR zinyumay@gmail.com)
Ph - 01-394959

မပန်းမိုမိုမောင်
(pannmomomaung@gmail.com)
Ph_ 09-5082988

ဂျပန်

မဖြူဖြူကြွယ်

(phyuphyukywe@gmail.com)
Ph:080-66485268


စင်ကာပူ

ကိုထင်ကျော်လင်း
(chinesehkl@gmail.com)
Ph:+65 91137555

ရုရှားဖက်ဒရေးရှင်း

ကိုအောင်ဟိန်းဇော်
kglay2012@gmail.com
Ph: 89653976697

Monday, 14 December 2009

ပေးစာ from PWK



သို့/

ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသော်ငြား အသီးတရာ အညှာတစ်ခုသဖွယ် ဖြစ်တဲ့ လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား (အဲ သူငယ်ချင်းများ ညီအစ်ကိုမောင်နှမ များခင်ဗျား)

နေရာအနှံ့ရောက်နေကြတဲ့ သူငယ်ချင်းတွေပြန်လည် အဆက်အသွယ်ရဖို့ ရယ်၊ ကိုးတန်းဆယ်တန်းကလေးတွေကို ပညာသင်ဆုပေးဖို့ရယ် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို စလုပ်ဖြစ်ပါတယ်။ ဘလော့ဂ်မှာ စာလေးဘာလေး စိုစိုပြေပြေ ဖြစ်အောင် ဘော်ဒါတွေ အစ်ကို အစ်မတွေရဲ့ စာမူတွေ ဘာညာသာရကာတွေ တောင်းထားပေမဲ့ ကဗျာနှစ်ပုဒ်ပဲ ရောက်လာပါသေးတယ်။ ကျန်တာကတော့ ZN ရေးထားတဲ့ လက်ကမ်းစာတမ်းတွေပဲ ရောက်လာပါတယ်။ ခု ပညာသင်ဆုအစီအစဉ် အောင်မြင်ဖို့ တာဝန်ကို ZN နဲ့ HKL တို့က တာဝန်ယူထားပြီး ဖြစ်တဲ့အတွက် ဒီဘလော့ဂ်လေး စိုပြည်ဖို့ တာဝန်က ဆြာဖြစ်တဲ့ ကျွန်တော် PWK ရဲ့ ပုခုံးပေါ် ကျရောက်လာပါတယ်။ (အဟမ်း...)

ကျွန်တော်ကလည်း စာရေးရမှာ အလွန်အပျင်းထူတဲ့အတွက် ဆားချက်တဲ့အနေနဲ့ ဖင်ပေါ့တဲ့ ဒဘဲ့ ZN ကိုပဲ DKU ပြန်ပြီး ကျောင်းပုံတွေ ဓာတ်ပုံသွားရိုက်ချေကွာဆိုပြီး တာဝန်ပေးလိုက်ပါတယ်။ ဒီကောင်လည်း ကြောက်ကြောက်နဲ့ ကျောင်းဓာတ်ပုံတွေကို ရှေ့ကတစ်မျိုး နောက်က တစ်မျိုး၊ ဘေးကတစ်ဖုံ၊ အောက်က တစ်ဖုံ၊ အထက်က တစ်ဖုံ၊ အမျိုးမျိုးအဖုံဖုံ ၇၅ ပုံခန့် ရိုက်လာရှာပါတယ်။ အဲဒီထဲမှာ ပုံ ၄၅ ပုံ လောက်က သုံးမရပါဘူး။ ၁၅ ပုံလောက်က ဆင်ဆာမိသွားပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့ ဓာတ်ပုံ လေးငါးပုံဆယ်ပုံခန့်ကိုသာ ကျွန်တော် PWK ခမျာ အသုံးပြုနိုင်ရှာပါတယ်။

အဲတော့ ဘော်ဒါများဆီမှာ မြို့ဓာတ်ပုံ ကျောင်းဓာတ်ပုံပဲဖြစ်ဖြစ်၊ ပါဆင်နယ်ပုံပဲ ဖြစ်ဖြစ်၊ အလှပုံပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံတွေရှိရင်လည်း ကျွန်တော့်ဆီ ပို့နိုင်ပါတယ်။ မရှိဘူး မငြင်းကြပါနဲ့။ Facebook မှာ ခဏခဏ တွေ့ပါတယ်။ ဥပမာ MS, EL, NNH (မပို့ရင် အဲဒီကပုံတွေ ယူသုံးလိုက်မှာဖြစ်ပါတယ်။)

နောက်တစ်ချက် သတင်းကောင်း ပါးချင်တာကတော့ အလှူငွေတွေ ကောက်ခံနေပြီ ဖြစ်တဲ့ အကြောင်းပါ။ အဲတော့ အရင်အစီအစဉ်အတိုင်းပဲ S-pore က သူတွေက HKL၊ (chinesehkl@gmail.com) ဂျပန်က လူတွေက PPK (phyuphyukywe@gamil.com) တို့ဆီ ပေးပို့နိုင်ပါပြီ။ တကယ်လို့ ပိုက်ဆံမရှိရင်လည်း သူတို့ကို စိုက်ခိုင်းထားလိုက်ပါ။ ကျွန်တော်လည်း ပိုက်ဆံမရှိလို့ ဒဘဲ့ ZN နဲ့ ဒဘဲ့မ ZYM တို့ကို စိုက်ခိုင်းထားပါတယ်။

တခြား မဇ္ဈိမဒေသရဲ့ အပြင်ဘက်ရောက်နေတဲ့ သူတွေအတွက်လည်း စီစဉ်ထားပါတယ်။ စိတ်မပူပါနဲ့။  ရအောင် ကောက်မှာပါ။ (ဥပမာအားဖြင့် AHZ (RU) တို့ PH (PYAY) တို့ AG (Yangon) တို့ဆိုရင် ရန်ကုန်မှာ ရှိတဲ့ ZinYuMay (spytweety@gmail.com) ဆီကို ငွေလွှဲပို့နိုင်ပါတယ်။၂၀၀၀ အောင် ဘော်ဒါတွေ နာမည်စာရင်းကတော့ ကျွန်တော့်ဆီမှာခုထိ ရှိနေပါတယ်။ ပိုက်ဆံပြတ်သွားရင် ချေးလို့ရအောင် စာရင်းကောက်ထားတာ ခု လာအသုံးတည့်နေပါတယ်။

အောက်က ဓာတ်ပုံတွေကတော့ ကျွန်တော့် ဒဘဲ့ ZN လက်စွမ်းပြချက်တွေပါ။ အားရပါးရ ကြည့်သွားကြပါခင်ဗျား)

(PS: ဖိုးထောင်ကတော့ ရောက်ရာ အရပ်က ငါ့ဆီ ဆက်သွယ်ပါ။ ကမ္ဘာအရပ်ရပ်က ဘော်ဒါများ ကျွန်တော့် လိပ်စာ dr.lwanwai@gmail.com ကို invite လုပ်ကြပါခင်ဗျ။ )

အထူးဝမ်းသာဖွယ်သတင်း
ကျောင်းက ကျောင်းသားဟောင်း မဟုတ်ပေမဲ့ ကျွန်တော်တို့လုပ်တာ ပျော်လို့ ဆိုပြီး လှူချင်ပါတယ်ဆိုတဲ့ အစ်ကိုအစ်မတွေ လာပြောထားတာ ရှိပါတယ်။ အဲအတွက် ၀မ်းသာပါတယ်။ ဒဘဲ့ZN နဲ့ ညှိနှိုင်းပြီး အကြောင်းပြန်မှာ ဖြစ်ပါတယ် ခင်ဗျာ။

ပုံ/
PWK (ခေတ္တပစ္စန္တရာဇ်အရပ်)