Showing posts with label please send photos. Show all posts
Showing posts with label please send photos. Show all posts

Tuesday, 6 April 2010

Please Send Photos

သင်္ကြန်တွင်း ဒိုက်ဦးပြန်မဲ့ သူငယ်ချင်းများ တွေ့သမျှ ဟိုဟိုဒီဒီလေးများ ဓာတ်ပုံရိုက်ခဲ့ကြပြီး အခုဘလော့ဂ် admin (dr.lwanwai@gmail.com)ဆီ ပို့ပေးပါကြပါခင်ဗျား...။ ဒိုက်ဦး မပြန်ဖြစ်လည်း ရောက်တဲ့နေရာက သင်္ကြန်ဓာတ်ပုံများ ပို့နိုင်ပါတယ်။ နိုင်ငံရပ်ခြားက သူတွေ ကြည့်ပြီး အလွမ်းတော် ဖြေနိုင်အောင် ဖြစ်ပါတယ်...။

ဆုပေးပွဲ ကိစ္စအတွက် အလှူငွေလက်ခံရရှိမှုနဲ့ ပတ်သက်ပြီး ဧပြီလ မကုန်မီ ငွေစာရင်းရှင်းတမ်း ထွက်ရမှာ ဖြစ်ပေမယ့် ကပ်ပြီးပေါ်ပေါက်လာတဲ့ အလှူရှင်အသစ်တွေ ရှိနေသေးလို့ စာရင်းအင်းကိစ္စတွေကို နောက်ကို နည်းနည်းထပ်ဆုတ်ရမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့် ငွေစာရင်းရှင်းတမ်းထွက်တာကို မူလသတ်မှတ်ထားတာထက် အနည်းငယ်နောက်ကျမယ်လို့ ခန့်မှန်းရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တင်းအား လျှော့ချထားရတာ ဖြစ်တဲ့အတွက် ရုံးပိုင်းဆိုင်ရာ ပုံစံမကျတာလေးတွေ ရှိခဲ့ရင် နားလည်သည်းခံပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။

မြန်မာ့နှစ်သစ်ကူးမှာ စိတ်သစ်လူသစ် အချစ်ဟောင်းများနဲ့ ကျန်းမာရွှင်လန်းကြပါစေသော်ဝ်။