Wednesday 16 September 2009

ပညာအလှူ၊တို့ဖေးကူစို့(၁)



အထကဒိုက်ဦးတွင် ပညာသင်ကြားခဲ့ကြသော ညီအစ်ကိုမောင်နှမများ ခင်ဗျား



မင်္ဂလာရှိသော သတင်းကို ၀မ်းမြောက်စွာဖြင့် ပေးပို့လိုက်ပါသည်။

ကျွန်တော်တို့ အ.ထ.ကဒိုက်ဦးမှ ကျောင်းသား ကျောင်းသူဟောင်းများ က အ.ထ.ကဒိုက်ဦးမှာ ပညာသင်ကြားနေတဲ့ ညီငယ် ညီမငယ်များကို ပညာရေး အကူအညီပေးဖို့ စီစဉ်ဆောင်ရွက် နေကြောင်းပါ။

ယခုနှစ်(၂၀၀၉-၂၀၁၀ ပညာသင်နှစ်) အတွက် အ.ထ.က ဒိုက်ဦးမှာ ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသားတွေ များမှ ပညာကြိုးစားပြီး ငွေကြေး အခက်အခဲကြုံနေရရှာသည့် ကျောင်းသား/ သူလေးများကို ပညာသင်ဆုပေးရန် ဆောင်ရွက်နေပါသည်။

လိုအပ်တဲ့ ငွေကြေးရန်ပုံငွေအတွက် ကျွန်တော်တို့လက်လှမ်းမီသမျှ သူငယ်ချင်း ညီအစ်ကိုမောင်နှမများ စုစည်းပြီး အလှူရှင်အဖွဲ့အစည်းကလေးတစ်ခု ဖွဲ့စည်းထားရှိပါသည်။

ပညာ့အရေး ဆွေးနွေးနှို်င်းယှဉ် တိုင်ပင်ဖေးမ ကူညီခဲ့ကြသော နောင်တော့် နောင်တော်ကြီး များရဲ့ ထုံးနည်းကို အတုယူပြီး ပညာရေးအခက်အခဲကြုံနေရသည့် ညီညီမများကို တတ်စွမ်းသမျှ ဖေးကူမဖို့ ပထမခြေလှမ်း စတင်လှမ်းလိုက်ခြင်း ဖြစ်ပါသည်။

အနာဂတ်တွင် ပညာရေးနှင့် ပတ်သက်၍ ပိုမိုထိရောက်ကျယ်ပြန့်သည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ညီအစ်ကို မောင်နှမများ၏ အကြံဥာဏ်များနှင့် ပူးပေါင်းပါဝင်မှုများကို ကြိုဆို မျှော်လင့်လျက်ရှိကြောင်း သတင်းပါးအပ်ပါသည်။

ယခုနှစ် ပညာသင်ဆု အစီအစဉ်ကို တစ်ဖက်ပါအတိုင်း စီစဉ်ထားပါသည်။

No comments: