Friday 18 September 2009

ပညာအလှူတို့ဖေးကူစို့(၂)



ပညာသင်ဆုပေးအပ်ခြင်းအစီအစဉ် (၂၀၁၀-၂၀၁၁ပညာသင်နှစ်)

၂၀၀၉-၂၀၁၀ ပညာသင်နှစ် (ယခုနှစ်)တွင် အ.ထ.က ဒိုက်ဦး၌ ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများ အနက် ဆုရွေးချယ်ရေး ကော်မတီက ရွေးချယ်ပေးလိုက်သော န၀မတန်းမှ ကျောင်းသား/သူ (၃) ဦးကို ၂၀၁၀-၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအတွက် ပညာသင်ဆု ပေးအပ် ကူညီသွားရန် ဖြစ်ပါသည်။ (ဆုရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းခြင်းကို အောက်တွင် ဖော်ပြထားပါသည်။)

ပညာသင်ဆု

ပညာသင်ဆုအနေနှင့်

(၁)တက္ကသိုလ်ဝင်တန်းအတွက် ကျောင်းနှင့် နိုင်ငံတော်မှ ကောက်ခံသော ငွေအားလုံး ကို စာရင်းနှင့်တကွ တောင်းခံလာသမျှ၊
(၂)ပြင်ပစာသင်ဝိုင်း ကျူရှင်ကြေး
(၃)ကျောင်းဝတ်စုံနှင့်
(၄)စာရေးကိရိယာ တို့ကို

ဆုရကျောင်းသားများအား (၂၀၁၀-၂၀၁၁) တစ်နှစ်လုံးစာ ထောက်ပံ့ပေးသွားရန် လျာထားပါသည်။ဆုရကျောင်းသားများသည် ၁၀ တန်း တစ်နှစ်လုံးစာအတွက် ပညာသင်စရိတ်ကို ရာနှုန်းပြည့်ရရှိမည် ဖြစ်ပါသည်…။


ဆုရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းခြင်း


၂၀၀၉-၂၀၁၀ ပညာသင်နှစ် အ.ထက.ဒိုက်ဦးမှ ကျောင်းသားဟောင်းများ၏ ပညာသင်ဆုပေးအပ်ခြင်း အစီအစဉ်အတွက် အ.ထ.က ဒိုက်ဦး၊ န၀မတန်းမှ ကျောင်းသား/သူ (၃)ဦးအားရွေးချယ်ပေးရန် အ.ထ.က ဒိုက်ဦးမှ ကျောင်းအုပ်ဆရာမကြီးက ဦးဆောင်၍ န၀မတန်း နှင့်တက္ကသိုလ်ဝင်တန်း ဆရာ/မ များပါဝင်သော ပညာသင်ဆုရွေးချယ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် ဆောင်ရွက်နေပါသည်။

ဆက်သွယ်ရန်
behsdaiku@gmail.com

No comments: