Friday 2 October 2009

ပညာသင်ဆုအစီအစဉ်

အ.ထ.က ဒိုက်ဦး ပညာသင်ဆုအစီအစဉ်


ဆုပမာဏ 

- ကျောင်းဝတ်စုံ (၃) စုံ။
- စာရေး ကိရိယာ၊ လွယ်အိတ်၊ထီး၊ဖိနပ် …..။
- ကျောင်းမှကောက်ခံသောအခကြေးငွေများအားလုံး။
- (စာသင်နှစ်တစ်နှစ်စာ) ပြင်ပစာသင်ဝိုင်း(ကျူရှင်) ခ။
• ဆုရကျောင်းသား/သူများသည် စာသင်နှစ်တစ်နှစ်စာလုံးအတွက် ကုန်ကျ
စားရိတ်အားလုံးကို အပြည့်အဝ လက်ခံရရှိမည် ဖြစ်ပါသည်။

လျှောက်ထားသူ၏ လိုအပ်ချက်

လျှောက်ထားသူသည်
၁။ အ.ထ.က ဒိုက်ဦးတွင် လက်ရှိ (၉)တန်း တွင် တက်ရောက်နေသူ
၂။ လာမည့်နှစ်တွင်လည်း ဤကျောင်းတွင်ဆက်လက်တက်ရောက်
မည့်သူ၊
၃။ ပညာလိုချင်စိတ်အထူးပြင်းပြ၍ရည်ရွယ်ချက်ကြီးမားသူ၊
• ၄။ ပညာ ဆက်လက်သင်ကြားရန် အမှန်တကယ် အခက်အခဲရှိသူ၊
စသည့် အချက်များနှင့်ပြည့်စုံ ရမည် ဖြစ်ပါသည်။
ဆုရကျောင်းသားများသည် လာမည့် (၁၀)တန်းနှစ်အတွက် ပညာသင်ဆုရရှိကြောင်းကို ၉ တန်းနှစ်အကုန်တွင် သိရှိမည်ဖြစ်ပါသည်။

ပညာသင်ဆု လျှောက်ထားခြင်း

- ဆုရွေးချယ်ရေးအဖွဲ့မှ ထုတ်ပေးသော လျှောက်လွှာဖြင့် လျှေက်ထားရမည်။
လျှောက်လွှာပုံစံ
လျှောက်လွှာတွင် အောက်ပါအချက်များ ပါဝင်ရမည်။
- လျှောက်ထားသူ၏ ကိုယ်ရေးအကျဉ်း၊
- လျှောက်ထားရသော အကြောင်းအရင်း၊
- လျှောက်ထားသူ၏ ဘဝရည်မှန်းချက်နှင့် ဘာကြောင့်ထိုရည်မှန်းချက် ထားရှိပုံ (essay)။
- ရည်ရွယ်ချက်မှာ လျှောက်လွှာကိုကြည့်ပြီး ကျောင်းသား(လျှောက်ထားသူ) ၏
စိတ်နေစိတ်ထား၊ဘဝနောက်ခံ၊ အနာဂတ် ရည်ရွယ်ချက် စသည်တို့ကို သိရှိရန်၊
ဆုရွေးချယ်ရေးအဖွဲ့မှ ကြိုတင်ဆုံးဖြတ်ရ လွယ်ကူစေရန် ဖြစ်ပါသည်။

အမြဲတမ်း အလှူရှင်များအဖွဲ့ ဖွဲ့စည်းခြင်း

-ဤအဖွဲ့၏ အမာခံများမှာ အ.ထ.က ဒိုက်ဦးမှ ကျောင်းသားဟောင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
-ကျောင်းနှင့်ပတ်သက်သော လူမှူရေးလုပ်ငန်းများအတွက်သာ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
-အကျိုးအမြတ်မယူ၊ နိုင်ငံရေးကင်းရှင်းသော အဖွဲ့ဖြစ်ပါသည်။
ရည်ရွယ်ချက်
-နှစ်စဉ် လှူဒါန်းငွေများဖြင့် ရံပုံငွေတစ်ရပ် ထူထောင်ရန်၊
(ပညာသင်ဆုအတွက် အဓိက၊ ပိုလျှံပါက အခြားလှူဒါန်းမှုများပြုလုပ်ရန်)။
လုပ်ငန်းစဉ်
- အဖွဲ့ဝင်တစ်ဦးစီသည် မိမိတတ်နိုင်မည့် အနည်းဆုံးပမာဏတစ်ခုအား (နှစ်စဉ်) လှူဒါန်းပါမည်ဟု ကတိကဝတ်ပြုရန်။(သို့မှသာ ပညာသင်ဆု အစီအစဉ်သည် နှစ်စဉ် စဉ်ဆက်မပြတ် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။)
- နှစ်စဉ်ရရှိမည့် ခန့်မှန်းငွေပမာဏကိုမူတည်၍ ဆုပေးရမည့် ကျောင်းသားဦးရေကို ညှိနှိုင်းဆုံးဖြတ်ရန်။
- ပညာသင်ဆုရွေးချယ်ရေးအဖွဲ့သို့ကတိပြုထားသော ကျောင်းသားအရေအတွက်၏ ကုန်ကျစားရိတ်ကို အာမခံပေးနိုင်ရန်။
- အဖွဲ့ဝင်များသည် ကတိပြုထားသောငွေကြေးပမာဏကို မိမိစိတ်ကြိုက်ပုံစံဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ လှူဒါန်းရန်။ (လစဉ်၊ ၂လပတ်၊ ၃လပတ်၊……၊၆လပတ်) စသော စိတ်ကြိုက်ပုံစံဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

-အမြဲတမ်းအလှူရှင်များအဖွဲ့သည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။
၁။ အလှူငွေကောက်ခံခြင်း
-အမြဲတမ်းအလှူရှင်များထဲမှ အောက်ပါအလှူရှင်များကို အလှူငွေ ကောက်ခံ ရန် တာဝန်ပေးအပ်ထားပါသည်။
၁။ ကိုထင်ကျော်လင်း (၁၉၉၉- ၀၀) စင်ကာပူ
၂။ မဖြူဖြူကြွယ် ( ။ ) ဂျပန်
၃။ မဇင်ယုမေ ( ။ ) ရန်ကုန်
၎။ မပန်းမိုမိုမောင် ( ။ ) ရန်ကုန်
၅။ ကိုအောင်မျိုးသူ (၁၉၉၈- ၉၉ ) ဒိုက်ဦး
၂။ဘဏ္ဍာရေး
- အလှူရှင်များ၏ စိတ်ကြိုက်ပုံစံဖြင့်ထည့်ဝင်သော လှူဒါန်းငွေများအား လက်ခံရန်။
- အမြဲတမ်းအလှူရှင်မဟုတ်သော (အဖွဲ့ဝင်မဟုတ်သော) ပြင်ပအလှူရှင်များ၏ လှူဒါန်းငွေများကိုလည်း လက်ခံထားရှိရန်။
- ဆုရွေးချယ်ရေး အဖွဲ့၏ဘဏ္ဍရေကိုထောက်ပံပေးရန်။
- နှစ်စဉ်ရ/သုံးငွေစာရင်းပြုစုထားရှိရန်။
၃။ စည်းရုံးရေးလုပ်ငန်းများ
-အမြဲတမ်းအလှူရှင်များ(အဖွဲ့ဝင်များ)တိုးတက်အောင်စည်းရုံးရန်။
-ပြင်ပအလှူရှင်များကိုဖိတ်ခေါ်ရန်။
ဤတာဝန်များကိုအဖွဲ့ဝင်တစ်ဦးချင်းက မိမိနှင့်
နီးစပ်ရာများအားစည်းရုံးခြင်းဖြင့်ဆောင်ရွက်နိုင်ပါသည်။
၎။ သတင်းပြန်ကြားခြင်း
-အဖွဲ့ဝင်များထံသို့အဖွဲ့၏သတင်းအချက်အလက်များကိုပြန်ကြားရန်။
-အဖွဲ့၏လူမှုရေးလုပ်ငန်းအခြေအနေများ၊တိုးတက်မှု၊လိုအပ်ချက်များကို အဖွဲ့ဝင်များထံသို့အသိပေးရန်။
-အဖွဲ့ဝင်များ၏စုံစမ်းမေးမြန်းချက်များကိုပြန်လည်ဖြေကြားရန်။
-ပြင်ပမှစိတ်ဝင်စားသူများကိုလည်းဖြန့်ဝေအသိပေးရန်တို့အတွက်အမြဲတမ်းအလှူရှင်များအဖွဲ့၏website,www.dkubehs.co.cc တွင်အချိန်နှင့်တပြေးညီဖော်ပြထားရှိမည်ဖြစ်ပါသည်။

၅။ အကြံပေးခြင်း
-အမြဲတမ်းအဖွဲ့ဝင်များသည်အဖွဲ့၏လုပ်ငန်းဆောင်တာ၊ဘဏ္ဍရေး၊လုပ်ငန်းထိရောက်မှုစသည့်အခြေအနေများကိုခြုံငုံသုံးသပ်ပြီးပိုမိုကောင်းမွန်ပြည့်စုံသောအဖွဲ့အစည်းဖြစ်လာရေး၊ပိုမိုထိရောက်သောလူမှုရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေးအတွက်အထက်ပါwebsiteနှင့်အောက်ပါemail address များသို့ဆက်သွယ်၍အကြံဥာဏ်ပေးနိုင်ပါသည်။

၆။ မှတ်တမ်းထားရှိခြင်း
-အထက်ပါကိစ္စအဝဝတို့အားမှတ်တမ်းထားရှိရန်။

၇။
ပညာသင်ဆုရွေးချယ်ရေးအဖွဲ့ကိုအ.ထ.ကဒိုက်ဦးတွင်အောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်။
၁။ ကျောင်းအုပ်ကြီး
၂။ ဆရာဦးလှကျော်
၃။ ၉တန်းအတန်းမှူး
၎။ ၁၀တန်းအတန်းမှူး

၉။လုပ်ငန်းစဉ်

-အလှူရှင်များအဖွဲ့မှသတ်မှတ်ပေးသောကျောင်းသားဦးရေအတိုင်းဆုရွေး
ချယ်အပ်နှင်းရန်။
-ဆုရကျောင်းသား၏အခြေအနေများကိုစောင့်ကြည့်အကဲဖြတ်ရန်။
-ဆုရကျောင်းသားကိုစာသင်နှစ်မကုန်မီအပြီးသတ်ရွေးချယ်ရန်။
-ရွေးချယ်ခံရသောကျောင်းသားကို(ဖြစ်နိုင်ပါက)မိဘဆရာအသင်းနှစ်ပတ်
လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင်ဆုချီးမြှင့်ရန်။
၁၀။ ဤအဖွဲ့၏ဘဏ္ဍရေးမှူးသည်
-ဆုရကျောင်းသား၏အတန်းသို့၊ကျောင်းသို့၊နိုင်ငံတော်သို့ပေးသွင်းရသော
အခန်းတွင်းကောက်ခံငွေများ၊စာအုပ်ကြေး၊စာမေးပွဲကြေး၊ကျောင်းဝင်ကြေး၊
လှုမှုရေးကြေးစသောကောက်ခံငွေများကို သက်ဆိုင်ရာသို့ကျောင်းသားကိုယ်
စားပေးသွင်းခြင်း၊
-တစ်နှစ်တာရ/သုံးငွေစာရင်းပြုစုခြင်းတို့ကိုလုပ်ဆောင်ရမည်။
ဤဘဏ္ဌရေးမှူးသည်အမြဲတမ်းအလှူရှင်အဖွဲ့မှပေးအပ်သောလှူဒါန်းငွေများကို
ထိန်းသိမ်းထားရှိပြီးရွေးချယ်ရေးအဖွဲ့၏သုံးစွဲငွေအရပ်ရပ်ကိုတာဝန်ယူရမည်။
၁၁။ ဆုရွေးချယ်ပုံ
- ဆုရွေးချယ်ရေးအဖွဲ့သည်လျှောက်လွှာရှင်များအားလုံးမှ အဖွဲ့၏ရွေးချယ်
ရေးမူဝါဒ/စံနှုန်း/စည်းကမ်းချက်များနှင့်ကိုက်ညီသူများက ပဏာမရွေးချယ်ရမည်၊
-ပဏာမရွေးချယ်ထားသောကျောင်းသားများအားစာသင်နှစ်တစ်နှစ်လုံးစောင့်
ကြည့်အကဲခတ်၍နောက်ဆုံးအဆင့်တည်ပြုရွေးချယ်ရမည်။
-လိုအပ်ချက်အရ အမြဲတမ်းအလှူရှင်များအဖွဲ့မှသတ်မှတ်ထားသောဦးရေထက်
ကျော်လွန်ရွေးချယ်လိုပါက ကျော်လွန်သောအရေအတွက်ကိုအလှူရှင်များအဖွဲ့
သို့တင်ပြရန်။
-တစ်နှစ်တာလုံးစောင့်ကြည့်ရွေးချယ်ရာတွင်ကျောင်းသား၏ကြိုးစားအားထုတ်မှု၊
ပညာရည်တိုးတက်မှု၊အကျင့်စာရိတ္တကောင်းမွန်မှု၊စည်းကမ်းလိုက်နာမှု၊အများအကျိုးဆောင်ရွက်မှု၊ယခင်ပညာရေး/အကျင့်စာရိတ္တဆိုင်ရာသမိုင်း၊ငွေကြေးအခြေအနေ၊….စသည်ဖြင့်ခြုံငုံသုံးသပ်၍ရွေးချယ်ရန်ဖြစ်ပါသည်။

၁၂။ ဆုရွေးချယ်ရေးကော်မတီသည် ဆုရကျောင်းသားရွေးချယ်ရေးအတွက် အခွင့်အာဏာအပြည့်အဝရှိသောအဖွဲ့ဖြစ်သည်။

ပညာသင်ဆုမှရပ်စဲခြင်း
-ကျောင်းထွက်/ပြောင်း
-စည်းကမ်းဖောက်ဖျက်ခြင်း
-အခြားအကြောင်းများ
-ရပ်စဲခံရသောကျောင်းသား၏ပညာသင်ဆုအားအခြားရွေးချယ်ထားသော
ကျောင်းသားအရံရှိက၎င်းသို့လွှဲပြောင်းအပ်နှင်းရန်။(မရှိပါက)
-ဘဏ္ဍရေးမှူးမှပြန်လည်သိမ်းဆည်းရန်။

No comments: