Friday 2 October 2009

အမြဲတမ်း အလှူရှင်များအဖွဲ့ ဖွဲ့စည်းခြင်း

-ဤအဖွဲ့၏ အမာခံများမှာ အ.ထ.က ဒိုက်ဦးမှ ကျောင်းသားဟောင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

-ကျောင်းနှင့်ပတ်သက်သော လူမှူရေးလုပ်ငန်းများအတွက်သာ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

-အကျိုးအမြတ်မယူ၊ နိုင်ငံရေးကင်းရှင်းသော အဖွဲ့ဖြစ်ပါသည်။

ရည်ရွယ်ချက်

-နှစ်စဉ် လှူဒါန်းငွေများဖြင့် ရံပုံငွေတစ်ရပ် ထူထောင်ရန်၊

(ပညာသင်ဆုအတွက် အဓိက၊ ပိုလျှံပါက အခြားလှူဒါန်းမှုများပြုလုပ်ရန်)။

လုပ်ငန်းစဉ်

- အဖွဲ့ဝင်တစ်ဦးစီသည် မိမိတတ်နိုင်မည့် အနည်းဆုံးပမာဏတစ်ခုအား (နှစ်စဉ်) လှူဒါန်းပါမည်ဟု ကတိကဝတ်ပြုရန်။(သို့မှသာ ပညာသင်ဆု အစီအစဉ်သည် နှစ်စဉ် စဉ်ဆက်မပြတ် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။)

- နှစ်စဉ်ရရှိမည့် ခန့်မှန်းငွေပမာဏကိုမူတည်၍ ဆုပေးရမည့် ကျောင်းသားဦးရေကို ညှိနှိုင်းဆုံးဖြတ်ရန်။

- ပညာသင်ဆုရွေးချယ်ရေးအဖွဲ့သို့ကတိပြုထားသော ကျောင်းသားအရေအတွက်၏ ကုန်ကျစားရိတ်ကို အာမခံပေးနိုင်ရန်။

- အဖွဲ့ဝင်များသည် ကတိပြုထားသောငွေကြေးပမာဏကို မိမိစိတ်ကြိုက်ပုံစံဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ လှူဒါန်းရန်။ (လစဉ်၊ ၂လပတ်၊ ၃လပတ်၊……၊၆လပတ်) စသော စိတ်ကြိုက်ပုံစံဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။






အမြဲတမ်းအလှူရှင်များအဖွဲ့သည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။

၁။ အလှူငွေကောက်ခံခြင်း

-အမြဲတမ်းအလှူရှင်များထဲမှ အောက်ပါအလှူရှင်များကို အလှူငွေ ကောက်ခံ ရန် တာဝန်ပေးအပ်ထားပါသည်။

၁။ ကိုထင်ကျော်လင်း (၁၉၉၉- ၀၀) စင်ကာပူ

၂။ မဖြူဖြူကြွယ် ( ။ ) ဂျပန်

၃။ မဇင်ယုမေ ( ။ ) ရန်ကုန်

၎။ မပန်းမိုမိုမောင် ( ။ ) ရန်ကုန်

၅။ ကိုအောင်မျိုးသူ (၁၉၉၈- ၉၉ ) ဒိုက်ဦး

အလှူငွေ ကောက်ခံသူများသည်-

- အလှူရှင်များ၏ စိတ်ကြိုက်ပုံစံဖြင့်ထည့်ဝင်သော လှူဒါန်းငွေများအား လက်ခံခြင်း။

- အမြဲတမ်းအလှူရှင်မဟုတ်သော (အဖွဲ့ဝင်မဟုတ်သော) ပြင်ပအလှူရှင်များ၏ လှူဒါန်းငွေများကိုလည်း လက်ခံထားရှိခြင်း။

- ဆုရွေးချယ်ရေး အဖွဲ့၏ဘဏ္ဍရေကိုထောက်ပံ့ပေးခြင်း။

- နှစ်စဉ်ရ/သုံးငွေစာရင်းပြုစုထားရှိခြင်း စသည်တို့ကိုပါ ပူးတွဲဆောင်ရွက် မည်ဖြစ်ပါသည်။


၂။ စည်းရုံးရေးလုပ်ငန်းများ

-အမြဲတမ်းအလှူရှင်များ(အဖွဲ့ဝင်များ)တိုးတက်အောင်စည်းရုံးရန်။

-ပြင်ပအလှူရှင်များကိုဖိတ်ခေါ်ရန်။

ဤတာဝန်များကိုအဖွဲ့ဝင်တစ်ဦးချင်းက မိမိနှင့်

နီးစပ်ရာများအားစည်းရုံးခြင်းဖြင့်ဆောင်ရွက်နိုင်ပါသည်။


၃။ သတင်းပြန်ကြားခြင်း

-အဖွဲ့ဝင်များထံသို့အဖွဲ့၏သတင်းအချက်အလက်များကိုပြန်ကြားရန်။

-အဖွဲ့၏လူမှုရေးလုပ်ငန်းအခြေအနေများ၊တိုးတက်မှု၊လိုအပ်ချက်များကို အဖွဲ့ဝင်များထံသို့အသိပေးရန်။

-အဖွဲ့ဝင်များ၏စုံစမ်းမေးမြန်းချက်များကိုပြန်လည်ဖြေကြားရန်။

ပြင်ပမှစိတ်ဝင်စားသူများကိုလည်းဖြန့်ဝေအသိပေးရန်

တို့အတွက် အမြဲတမ်း အလှူရှင်များအဖွဲ့၏website; www.dkubehs.co.cc တွင်အချိန်နှင့်တပြေး ညီဖော်ပြထားရှိမည်ဖြစ်ပါသည်။


၎။ အကြံပေးခြင်း

အမြဲတမ်းအဖွဲ့ဝင်များသည်အဖွဲ့၏လုပ်ငန်းဆောင်တာ၊ဘဏ္ဍရေး၊လုပ်ငန်းထိ ရောက်မှုစသည့်အခြေအနေများကိုခြုံငုံသုံးသပ်ပြီးပိုမိုကောင်းမွန်ပြည့်စုံသောအဖွဲ့အစည်းဖြစ်လာရေး၊ပိုမိုထိရောက်သောလူမှုရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေးအတွက် အောက်ပါ email addresses များသို့ ဆက်သွယ်၍ အကြံပေးနိုင်ပါသည်

behsdaiku@gmail.com

khunzinnaunghtun@gmail.com

chinesehkl@gmail.com

dr.lwanwai@gmail.com


၅။ မှတ်တမ်းထားရှိခြင်း

အထက်ပါကိစ္စအဝဝတို့အားမှတ်တမ်းထားရှိရန်။

No comments: