Monday 11 January 2010

ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့၏ အစည်းအဝေး ရလဒ်

ယခုနှစ် ၂၀၁၀-ခုနှစ်၊ ဇန်နဝါရီကုန် နောက်ဆုံးထား၍ ဆုရကျောင်းသားအား ကြေညာမည်။

ကျောင်းသား(၅)ဦးကို ဦးစားပေး ၁၊ ၂၊ ၃၊ ၄၊ ၅ အဖြစ် ရွေးချယ်မည်။ ဦးစားပေး(၁၊ ၂၊ ၃)သည် မူလ အစီအစဉ်အတိုင်း ပညာသင်ဆုကို ရာနှုန်းပြည့်ရရှိမည်ဖြစ်သည်။ ဦးစားပေး (၄ နှင့် ၅) အား အရံကျောင်းများအဖြစ် သတ်မှတ်ပြီး အလှူရှင်အဖွဲ့၏ ဘဏ္ဍာရေးအခြေအနေအရ စဉ်းစားမည်။ ဦးစားပေး (၁၊ ၂၊ ၃)အား ပညာသင်ဆု ရပ်စဲခံရပါက အရံကျောင်းသားများအား အစဉ်လိုက် အစားထိုးပေးအပ်မည်။

ဆုရကျောင်းသားအား ကျောင်းမှ ကောက်ခံငွေအားလုံးကို ပညာသင်ဆုရွေးချယ်ရေးအဖွဲ့၏ ဘဏ္ဍာထိန်းဆရာမှ ကျောင်းသားကိုယ်စား သက်ဆိုင်ရာ အတန်းပိုင်ဆရာသို့ တိုက်ရိုက်ပေးသွင်းမည်။

ဆုရကျောင်းသား (၃)ဦး၏ ကျောင်းပြင်ပ အထွေထွေကိစ္စများ (ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပြင်ပကျူရှင်စသည်...)ကို ဆောင်ရွက်နိုင်ရန် အလှူရှင်အဖွဲ့၏ တာဝန်ပေးအပ်ခြင်းခံရသော ကိုအောင်မျိုးသူ၊ ကိုမောင်မောင်ကျော်သူ(ခ)ကိုစူပါ နှင့် ကိုဇေယျာထွန်း(ခ)ကောင်လေး တို့ထံသို့ ဆုရကျောင်းသားများအား ဆုရွေးချယ်ရေးအဖွဲ့မှ လွှဲပြောင်းပေးမည်။

အလှူရှင်များအဖွဲ့က ပေးအပ်သော ဘဏ္ဍာငွေကို စီမံခန့်ခွဲမှုနှင့် စာရင်းပြုစုမှုများကို ကျောင်းပြင်ပ ကိစ္စအဝ၀အတွက် ကိုဇေယျာထွန်းနှင့် ကျောင်းတွင်းကိစ္စများအတွက် ဆရာ ဦးခင်အောင် တို့မှ တာဝန်ယူမည်။

နောက်ဆက်တွဲ

ဒိုက်ဦးမြို့မှ ကောက်ခံရရှိသော အလှူငွေအားလုံးနှင့် ရသုံးငွေစာရင်း ပြုစုခြင်ကို ကိုဇေယျာထွန်းက တာဝန်ယူပြီး နှစ်စဉ် ဧပြီလ(သင်္ကြန်မတိုင်မီ)စာရင်းချုပ်၍ ရန်ကုန်သို့ ပေးပို့မည်။

ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းငွေများကို နောက်ဆုံးအဆင့် စာရင်းပြုစုခြင်း၊ ဘဏ်တွင် အပ်နှံခြင်းနှင့် အလှူရှင်များထံသို့ အသိပေးခြင်းများကို နှစ်စဉ် ဧပြီလကုန်တွင် အပြီးသတ် ဆောင်ရွက်ပါမည်။

1 comment:

Anonymous said...

ကိုဖြိုး
အလှူရှင်များအဖွဲ့က ပေးအပ်သော ဘဏ္ဍာငွေကို စီမံခန့်ခွဲမှုနှင့် စာရင်းပြုစုမှုများကို ကျောင်းပြင်ပ ကိစ္စအဝ၀အတွက် ကိုဇေယျာထွန်းနှင့် ကျောင်းတွင်းကိစ္စများအတွက် “ဆရာ.............” တို့မှ တာဝန်ယူမည်။
ဆိုတဲ့ စာကြောင်းမှာ ဆရာနောက်မှာ “ဆရာ ဦးခင်အောင်” လို့ ပြင်လိုက်ပါ
ဒီစတိုင် ကောင်းတယ်
ဇင်နောင်