Monday 14 December 2009

ပေးစာ From ZN

အသိပေးအပ်ပါသည်…..အမြဲတမ်းအလှူရှင်များအဖွဲ့ကို လက်လှမ်းမီရာသူငယ်ချင်းများမှ စတင်ဖွဲ့စည်းသည်ဖြစ်ရာ ယခုအချိန်တွင် အနည်းငယ်ကိုသာ တရားဝင် အမည်စာရင်းထုတ်ပြန်နိုင်ပါသေးသည်။ အချို့မှာ သတင်းမရကြခြင်း၊ အသေအချာ မသိရသေးခြင်း စသည်အကြောင်းများကြောင့် မပါဝင်ကြသေးခြင်း ဖြစ်ပါသည်။ စာရင်းထုတ်ပြန်ပြီးနောက် အဖွဲ့ဝင်လိုသူများ အကြောင်းကြားနိုင်ပါသည်။ ယခင်က အဖွဲ့ဝင်တစ်ယောက်၏ အလှူငွေ ပမာဏကို မသတ်မှတ်သော်လည်း ဆက်လက် အကြံပြုချက်များအရ အများတက်နိုင်မည့် ပမာဏဖြစ်သော တစ်နှစ်လျှင် ကျပ် ၁၂၀၀၀ (တစ်လလျှင် ၁၀၀၀ကျပ်) နှုန်းဖြင့် အနည်းဆုံး ထည့်ဝင်ရန် သတ်မှတ်ထားပါသည်။ အမြဲတမ်းအလှူရှင်အဖွဲ့ မဝင်ဘဲ မိမိစိတ်ကြိုက် အလှူငွေထည့်ဝင် ရန်လည်း စီစဉ်ထားရှိပါသည်။

အမြဲတမ်းအလှူရှင်များအဖွဲ့ ကိုယခုနှစ်မှ စတင်ဖွဲ့စည်းသည့်အတွက် အဖွဲ့အစည်းထုံးစံ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် မရှိသေးပါ။ လောလောဆယ် လုပ်ငန်းဆောင်တာများဆောင်ရွက်ရန်အတွက် ကျွန်တော် ခွန်ဇင်နောင်ထွန်းနှင့်အတူ ကိုထင်ကျော်လင်း၊ ကိုဖြိုးဝေကျော်တို့က ယာယီတာဝန်ခံ အနေဖြင့် ဆောင်ရွက်နေပါသည်။ အဖွဲ့၏ ကိစ္စအဝဝတို့အတွက် ဝေဖန်အကြံပေးလိုပါက ခွန်ဇင်နောင်ထွန်း ( khunzinnaunghtun@gmail.com) ၊ကိုဖြိုးဝေကျော် ( dr.lwanwai@gmail.com) နှင့် ကိုထင်ကျော်လင်း(chinesehkl@gmail.com)များသို့ တိုက်ရိုက် ဆက်သွယ် အကြံပေးနိုင်ပါသည်။ အမြဲတမ်း အလှူရှင်များအဖွဲ့ကို နောင်နှစ်များတွင် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့၏ တာဝန်ရှိသူများကိုလည်း အဖွဲ့ဝင်များ၏ ဆန္ဒသဘောအရ ရွေးချယ်တာဝန် ပေးအပ်မည်ဖြစ်ပါသည်။ အဖွဲ့ဝင်တစ်ဦးချင်းဆီကို အဖွဲ့ဝင်ကဒ်ပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်မည်ဖြစ်ပြီး နှစ်စဉ်ရ/သုံးငွေစာရင်းကိုလည်း အသိပေးသွားမည် ဖြစ်ပါသည်။


လေးစားစွာဖြင့်
ZN (ခွန်ဇင်နောင်ထွန်း)

No comments: