Monday 14 December 2009

ပေးစာ-၂ from ZN

သို့/

သူငယ်ချင်းများ

ဒီဇင်ဘာ ညချမ်းတွေတော့ ဆောင်းနှင်းမှုန်မှုန်လေးတွေ ခြုံလွှမ်းစပြုလာပါပြီ။ ဆောင်းနှင်းအေးအေးနဲ့ ခရစ်ယာန်ဓမ္မတေးသံဟာ ဒီဇင်ဘာရဲ့ အမှတ်အသားတစ်ခုလို့ ဆိုနိုင်ပါရဲ့။ ဟိုတစ်နေ့က အိမ်ရှေ့နားမှာ လာတီးသွားတဲ့ အော်လန်ဆိုင်း သီချင်းကိုကြားတော့ ဗုဒ္ဓဘာသာပေမဲ့လည်း သူတို့တေးသွားနဲ့ အတူစီးမျောရင်း သူငယ်ချင်းတွေကို သတိရမိပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ် ဒီလို ဒီဇင်ဘာ ညချမ်းမှာ သူငယ်ချင်းတွေနဲ့အတူ စာစုကျက်နေတုန်း ခရစ်ယာန်လူငယ်တွေ သီချင်းလာတီးတာကို တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရမိပါတယ် အဲဒီတုန်းက ဆယ်တန်းစာမေးပွဲဖြေဖို့ နှစ်လကျော်ကျော်သာ လိုတော့တဲ့အချိန်၊ နှစ်ဆယ်ရာစုရဲ့နောက်ဆုံးဒီဇင်ဘာ………။

ဟိုး…..လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုဆီကို အတွေးပြန်ရောက်သွားလို့ ဒီစာကိုရေးဖြစ်ခဲ့တာပါ။ ဆယ်တန်းအောင်ခါစ သူငယ်ချင်းတွေ ဟိုကျောင်းတတ်ဖို့ ဒီကျောင်းတတ်ဖို့ ရွေးချယ်တိုင်ပင်နေကြတုန်းအချိန်ပေါ့ သူကဟိုကျောင်းရတယ် ငါကဟိုကျောင်းရတယ် စသည်ဖြင့်ပေါ့လေ၊ သေချာတာကတော့ ဆယ်နှစ်ဆယ်မိုးနီးပါး ကျောင်းအတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဘဝခရီးကိုယ်စီကို သီးခြားလျှောက်ရတော့မဲ့အချိန်ပါ။ တချို့တွေက လိုချင်တဲ့ တက္ကသိုလ်ရလို့ပျော်ကြ၊ တချို့ကမရလို့ဝမ်းနည်းကြ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးကြ၊ နှစ်သိမ့်ကြနဲ့ပေါ့။ အခုချိန်ထိ အမှတ်ရဆုံးကတော့ သူငယ်ချင်းတစ်ယောက် အမှတ်တမဲ့ပြောလိုက်တဲ့“…..နောက်ဆယ်နှစ်လောက်ဆို တို့တွေလည်းဘာတွေဖြစ်လာကြမယ် မသိဘူးနော်…..” ဆိုတဲ့စကားလေးပါပဲ။ အဲဒီအချိန်ကဆယ်နှစ်ဆိုတာ အဝေးကြီးမှာလို့ထင်ခဲ့ပေမဲ့ ခုနောက်ပြန်လှည့်ကြည့်တော့ ဘာမှမကြာလိုက် သလိုပါပ။ဲ ဆယ်ကျော်သက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် သားလေးတွေကနေ အခုလူလတ်ပိုင်း နှစ်ဆယ့်ငါးနှစ် ဆယ့်ခြောက်ဆိုတဲ့ ဆယ်စုခရီးကြီးထဲ အောင်မြင်မှု ကျဆုံးမှု ရယူပိုင်ဆိုင်မှု ဆုံးရှုံးမှု ပျော်ရွှင်မှု ဝမ်းနည်းမှုစတဲ့ ကံကြမ္မာ အလှည့်အပြောင်း ကစားပွဲတွေမှာ လဲကျလိုက် ပြန်ထလိုက်နဲ့ အတော်လေး အတွေ့အကြုံ ရခဲ့ကြပါပြီ။

အောင်မြင်မှု ပန်းတိုင်ကို ရယူနိုင်သူ၊ ဖြစ်ချင်တာကိုဖြစ်လာတဲ့သူ၊ ဖြစ်သင့်တာကိုသာရွေးလိုက်ရသူ၊ ဖြစ်သင့်သလောက်မဖြစ် ခဲ့တဲ့သူတွေ ဆိုပြီးအမျိုးမျိုးတွေ့လာကြရပါပြီ။ တချိန်က ငါဘာဖြစ်ရမယ် ဆိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်တွေကြီးလာလို့ စဉ်းစားတတ်လာတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ဘဝမှာ သူဘာဖြစ်တယ် ဆိုတာထက် သူဘာလုပ်တယ် ဆိုတာပိုအရေးကြီးမှန်း သိလာရတယ် သူ့ဟာသူဘာကြီးပဲဖြစ်နေနေ ကိုယ့်အတ္တကိုယ်ကျိုးသာကြည့်တဲ့သူ မဟုတ်တာတွေဘဲ လုပ်နေတဲ့သူဟာ အလကားလူပါလား….။ သာမန်လူတစ်ယောက်ပေမဲ့ မိမိကိုယ်မိမ၊ိ မိမိမိသားစု ရပ်ရွာအဝန်းအဝိုင်းကို တတ်စွမ်းသလောက်လေးစောင့်ရှောက်တဲ့သူသာ အဓိပါယ်ရှိတဲ့ လူပါလား.ဆိုတာကို သိလာခဲ့ရပါပြီ။ အဲဒီအတွေးလေး ဝင်လာခဲ့တဲ့နောက်ပိုင်းမှာ “သူကတော့ ဘာကြီးဖြစ်နေပြီ ငါမှာတော့…..” ဆိုတဲ့အားငယ်တဲ့စိတ်မျိုး၊ “သူကဘာမို့လို့လဲ ငါကိုများ…” ဆိုတဲ့ မာန်မာနမျိုးတွေကို ချိုးနှိမ်တတ်လာပြ။ီ ဘာကြီးဖြစ်မှ ညာကြီးဖြစ်မှဆိုတဲ့ စိတ်တွေနေရာမှာ ရောင့်ရဲတဲ့စိတ်တွေဝင်လာပါပြီ။

လောကနိယာမ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောတွေ၊ လိုတာမရ ရတာမလိုတာတွေ လောဘ၊ ဒေါသ၊ မောဟ ကောင်းမှု မကောင်းမှု လောကီလောကုတ် ဆိုတဲ့ဝေါဟာရတွေကို အရင်ကြားဖူးနားဝကနေ အခုမျက်မြင် ကိုယ်တွေ့ကြုံလာကြရပါပြီ။ လောကအလယ်မှာ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ထက်ဖြစ်သင့်တာတွေ လုပ်သင့်တာတွေကို ဦးစားပေးလာကြရပါပြီ။ ပြောရရင်တော့ ဒီဆယ်စုခရီးအလွန်မှာ လုံလောက်တဲ့ရင့်ကျက်မှုတွေ ရှိလာပါပြီ တစ်ခုခုလုပ်ဖို့ တစ်ခုခုစတင်ဖို့အချိန်ကျပါပြီ။

ဒီတော့ နောက်ဆယ်နှစ်ဆို တို့တွေဘာတွေဖြစ်လာကြမလဲဆိုတဲ့ ခေါင်းစဉ်နေရာမှာ ဆယ်နှစ်ပြည့်ပြီးနောက်မှာ တို့တွေဘာတွေလုပ်ကြမလဲ ဆိုတဲ့ခေါင်းစဉ်နေရာကို ပြောင်းကြရအောင။် သူကဘာဖြစ်နေပြီ ငါကဘာဖြစ်နေပြီဆိုတာကိုမေ့ပြီး တို့တွေလက်ရှိနေရာကနေ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ ဆိုတာကို စဉ်းစားရအောင်။

ဟိုး…ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်ထဲကလို ဆင်းကြီးကသစ်တုံးဆ၊ွဲ ငှက်ကလေးက မြက်ခြောက်ချီ၊ ပုရွက်ဆိတ်လေးက ထမင်းလုံးသယ်ပြီး တစ်တပ်တစ်အား ပါဝင်ကြရအောင်။ တို့ရဲ့စီနီယာတွေ ဂျူနီယာတွေကိုပါစည်းရုံးပြီး အ.ထ.က ဒိုက်ဦး ကျောင်းထွက်တွေ စုပေါင်းညီညာကြရအောင်၊ အနာဂါတ် မျိုးဆက် ညီငယ်၊ ညီမငယ်လေးတွေကို ထူးချွန်ထက်မြက်အောင် မြေတောင်မြှောက်ပေးပြီး တို့မြို့ရဲ့ဂုဏ် တို့ကျောင်းရဲ့ ဂုဏ်ကိုမြှင့်တင်ပေးရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။

လေးစားလျက်
ZN (ခွန်ဇင်နောင်ထွန်း)

No comments: